အမ်း ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးပူးပေါင်းကာ မင်းကျောင်းကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း