ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုင်းတုံ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ  ရုံးလုပ်ငန်းများ ပိုမိုတတ်ကျွမ်း နားလည်လာစေရန်နှင့် လက်တွေ့အသုံးချမှုကျွမ်းကျင်တတ်မြောက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးနိုင်က  နိုင်ငံဝန်ထမ်းကျင့်ဝတ် စာအုပ်ထဲမှ  နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဆွေးနွေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူလူထု အပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဝန်ထမ်းအချင်းချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ စသည့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ လူကြီးမိဘများအားလုံးပါဝင်ကာ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုများရရှိစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများသိရှိ၍ စာဖတ်ခြင်းတွင် ပျော်မွေ့စေရန်  ယခုလို စာဖတ်ဝိုင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)