ပျဉ်းမနားမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပျဉ်းမနား ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး ခြင်းလုပ်ငန်းဆောင်ရွက်မှု ယနေ့နံနက် ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ် အတွင်း  မော်တော်ဆိုင်ကယ်မောင်းနှင်လာသူနှင့် လိုက်ပါစီးနှင်းလာသူများအား ဆိုင်ကယ်ဦးထုပ် အား စနစ်တကျအသုံးပြုခြင်းရှိ/မရှိ၊ မော်တော်ဆိုင်ကယ်တွင် ဘက်မှန်၊ အချက်ပြမီးနှင့် နံပတ်ပြား များပါ/မပါစစ်ဆေးပြီး ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် ယာဉ်မောင်းများအား တာဝန်ရှိသူ များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ ကြကြောင်းနှင့် အသိပညာပေးကာလကုန်ဆုံးပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု မရှိသူများအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)