မဟာအောင်မြေမြို့နယ်၌ မိုးရာသီဘောလုံး(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

မဟာအောင်မြေ ဇူလိုင် ၂၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာ‌‌စေရန် ရည်ရွယ်၍ ဘောလုံးသင်တန်းများကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုရာသီ ဘောလုံးသင်တန်းကို မန္တလေးမြို့အတွင်းရှိ မြို့နယ်ပေါင်းစုံမှ ဘောလုံး ဝါသနာရှင်များ မည်သူမဆို (အခမဲ့) လာရောက်သင်ကြားနိုင်ကြောင်းသိရပြီး ဘောလုံး သင်တန်းကို ဇွန်(၁)ရက်နေ့မှစတင်ဖွင့်လှစ်ပေးခဲ့ရာ နွေ၊မိုး၊ဆောင်း သုံးရာသီ စဉ်ဆက်မပြတ် သင်ကြားပို့ချလျက်ရှိကြောင်း၊ ဘောလုံးသင်တန်းအား မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ သင်တန်းနည်းပြအဖြစ် ဦးနေသူရှိန်နှင့် ဆရာများက ဦးဆောင်၍ တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ(၄)နာရီမှ(၆)နာရီအထိ သင်ကြားလျက်ရှိပြီး သင်တန်းသား/သူ(၄၀)ဦးခန့် လာရောက်သင်ကြားပြီး အခြားအားကစားနည်းများကိုလည်း သင်ကြားပို့ချပေးလျက်ရှိ‌ကြောင်း သိရသည်။

အောင်ဇော်မင်း