တောင်ကုတ် ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဝင်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်က လမူးမော်ကျေးရွာရှိ အခြေခံပညာအထက်ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး ဒုတိယလဝကမှူး ဦးထွန်းလင်းနှင့်အဖွဲ့မှ လမူးမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀၉)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)