ဟုမ္မလင်း ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသခံ ယူနေသော လူနားများအား မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများနှင့်တာဝန်ရှိသူများကဇူလိုင်(၂၇)ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေး းခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ပြည်သူဆေးရုံ၌ ဆေးဝါးတက်ရောက်ခံယူကုသနေသော ငွေကြယ်စင် ဂေဟာမှ အသက်(၄)နှစ်အရွယ်မိန်းကလေးငယ်အတွက် (၅၀၀၀၀)ကျပ်၊ ကက်သာစံပြကျေးရွာမှ အသက် (၁၂) နှစ်အရွယ် ယောကျာ်းလေးအတွက် (၁၅၀၀၀၀) ကျပ်၊ နှင့် အာဟာရဒါနအဖြစ် ထမင်ဘူး (၁၀၀)ထုပ်အား မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)