ဒုတိယဗိုလ်ချုပ်ကြီးလူအေး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကျောက်ဖြူ  ဇူလိုင် 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်အားပေးချီးမြှင့်သည်။

အဆိုပါ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများမှ ကွင်းလုံးပြည့်လာရောက် အားပေး ကြသည်။

ဦးစွာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မစတင်မီ တတိယ ဆုရရှိခဲ့သည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ() အသင်းနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနပေါင်းစုံအသင်းတို့မှ ချစ်ကြည်ရေး ဘောလုံးကစားခဲ့ကြပြီး ဗိုလ်လုပွဲအားဆက်လက်ကျင်းပရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။ ဗိုလ်လုပွဲတွင် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(က) အသင်းနှင့် မြို့ပြအင်ဂျင်နီယာ(က) အသင်းတို့သည် ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှင့် တစ်ဘက် အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(က) အသင်းမှ မြို့ပြအင်ဂျင်နီယာ (က) အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများ ရရှိကြသည့် အားကစားသမားများနှင့်  ပထမ၊ ဒုတိယ၊ တတိယဆုများရရှိသည့်  ပြိုင်ပွဲဝင်အသင်းများကို လည်ဆွဲနှင့် ငွေသားဆုများအား တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ ပထမဆုရရှိသည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(က) အသင်းကို ဒိုင်းဆုဖလားအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)