ပုဗ္ဗသီရိ ဇူလိုင် ၂၉
ပုဗ္ဗသီရိမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ပုဗ္ဗသီရိမြို့နယ်ရုံးဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပုဗ္ဗသီရိမြို့နယ် ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့်ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ပြည်သူ ၄၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်လိုပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်၍ မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)