ရွှေကျင်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် သား/ငါးနှင့် စားသောက်ကုန်ပစ္စည်းများအား  ရောင်းချပေး

ရွှေကျင် ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် သား/ငါးနှင့်စားသောက်ကုန်ပစ္စည်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၏ဦး‌ဆောင်မှုဖြင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများက ရွှေကျင်မြို့နယ် အတွင်းရှိ မိဘပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ငါးမြစ်ချင်း (၁)ပိဿာ(၆၀၀၀)ကျပ်၊ ငါးမုတ်(၁)ပိဿာ(၄၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်း၊ ကြက်ဉ(၁)လုံး (၂၃၀)ကျပ်၊ ဘဲဉ(၁)လုံး(၃၀၀)ကျပ်နှင့် ဒေသထွက်သီးနှံများအား မိမိတို့ တတ်နိုင်သမျှ ဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)