ပုဏ္ဏားကျွန်း ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၌ ပညာပါရမီဘုန်းတော်ကြီးကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက် (၇)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပညာပါရမီဘုန်းတော်ကြီးးကျောင်းတိုက် ခြံဝင်းအတွင်းရှိ မြက်ပင်၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို တက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းလွန်ကာလ၏ နောက်ဆက်တွဲရောဂါများအား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(ဧရာဝတီ)နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်း၊မြို့နယ်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ပညာပါရမီဘုန်တော်ကြီး ကျောင်းတိုက်၊ စံပြရပ်ကွက်နှင့် စံပြဈေးချေပိုင်းရပ်ကွက်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ရေတွင်းများတွင် ပိုးလောက်လန်းသေဆေး (အဘိတ်ဆေး)ခတ်ပေးခြင်းနှင့်ရက်ကွက်နေပြည်သူများအား ကျန်းမာရေးအသိပညာပေးပြောကြား ပြီး၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်းတို့က လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)