ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ ရွှေခရုကြိုတင် ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ငပုတော ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ ရွှေခရုကြိုတင်ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက  အ-ထ-က (ခွဲ) -ဖျန်ရေကျော် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူက အမှာစကားပြောကြားရာတွင် ရွှေခရုသည် တောင်သူများ၏ စပါးပင်များကို ဖျတ်ဆီးတက်သဖြင့် တောင်သူများအနေဖြင့် အထူးဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းစိုးက တောင်သူများအား ရွှေခရုအန္တရာယ်မှ ကာကွယ်ရေးအတွက် စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ကောက်ယူဖျတ်ဆီး ဖယ်ရှာခြင်း၊ ဇီဝနည်း စနစ်ဖြင့် ကာကွယ်နှိမ်နှင်းခြင်း၊ အစာဖြင့်ဆွဲထောင်ဖမ်းဆီးခြင်း၊ ဓာတုဆေးသုံးကာကွယ်နှိမ်နင်း ခြင်းတို့ကို အကျယ်တဝင်းရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများအား တောင်သူများစနစ်တကျ အချိန်ကိုက်  သုံးစွဲနည်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)