တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

တောင်ငူ  ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်၊ လောကုတ္တရာစကား ဘုန်းတော်ကြီးကျောင်း၌တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များက ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး လောကုတ္တရာစကားကျောင်းတိုက်ဆရာတော်၊  ဘဒ္ဒန္တရေဝတ သာသနဓဇဓမ္မာစရိယ ဆရာတော် ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များက ဝါဆိုင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)