လယ်ဝေး ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး ခြင်းများကိုယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများနှင့် သီရိရတနာစျေးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်လယ်ဝေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်လဝက ဦးစီးမှူး ဦးခင်မောင်ထွေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ရပ်/ ကျေးအုပ် ချုပ်ရေးမှူးများက မြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မော်တော်ဆိုင်ကယ်မောင်းနှင်လာသူများနှင့် လိုက်ပါစီးနှင်းလာသူများအား ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျအသုံးပြုခြင်းရှိ/မရှိ၊ မော်တော် ဆိုင်ကယ်တွင် ဘက်မှန်၊ အချက်ပြမီးနှင့် နံပါတ်ပြား များပါ/မပါစစ်ဆေးပြီး ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် မော်တော်ယာဥ် မောင်းနှင်သူများအား တာဝန်ရှိသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြကြောင်းနှင့် အသိပညာပေးကာလကုန်ဆုံးပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုမရှိသူများအား ထိရောက်စွာအရေး ယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)