ဘူးသီးတောင်မြို့ ဘုန်းတော်ကြီးကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဘူးသီးတောင် ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ ၈နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းကာ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၊ လောကချမ်းသာ ဘုန်းတော်ကြီးကျောင်း၊ လေးမျက်နှာ ဘုန်းတော်ကြီးကျောင်းများရှိ ခြံဝင်းအတွင်း/အပြင်ရှိ မြက်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများရှိ အမှိုက်သရိုက်များအား ဆယ်ယူခြင်း၊ ဘုရားစေတီ အနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 လှကျော်