နေပြည်တော် ဇူလိုင် ၃၁
ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ရည်ရွယ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်ဇနီး၊ နေပြည်တော်သာသနာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်၊ ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ငါးပါသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာ တော်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်ကို နာယူကြည်ညို ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်၊ ပဓာနနာယက မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ထံမှ သာဓုအနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ကျေးရွာပြည်သူများက အဆိုပါ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ ဝါတွင်း ကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ကျောင်းတိုက်ပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းကာလတွင် ခြင်များ မပေါက်ပွား နိုင်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြည့်ရှုအား ပေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ ရတနာယျာဉ်ပျံကျောင်းတိုက်သို့ သွားရောက်၍ ရတနာယျာဉ် ပျံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)