အင်္ဂပူ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ကွင်းအမှတ် (၇၅၉)၊ ဦးပိုင်အမှတ် ၁၂၅/၂ ရှိ တောင်သူ ဦးရာဇာအောင်၏ လယ်မြေ(၈)ဧကတွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထွန်တုံးပိတ်ပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သော်မြင့်က ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သော်မြင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးဧက ၁၁၇၅၁၂ ဧက စိုက်ပျိုး ပြီးစီးခဲ့ကြောင်း သိရသည်။