လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

လားရှိုး  ဇူလိုင် ၃၁

လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ အသင်းဝင် ကျောင်းသား/သူများနှင့် သင်တန်းဆင်း ကျောင်းသား/သူများမှ အများအတွက်ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး လားရှိုး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က အမှာစကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်း ဇော်ထွန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဒေါက်တာဥမ္မာဟန် က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား အောင် လက်မှတ်ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား/သူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ လားရှိုးတက္ကသိုလ်မှ တာဝန်ရှိသူများက ရှေးဦးပြုစုခြင်းသင်တန်း (နည်းပြ)များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး လားရှိုးမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့မှူးက လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲအတွက် လူမှုကရုဏာလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် Emergency First Aid Kit (၁)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)