ဇမ္ဗူသီရိ ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်မှုကို ယမန်နေ့ ညနေပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဝင်းနိုင်ဦး၊ အမှတ်(၁) မြို့မ ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက Quick Win အစီအမံ ၅ ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင် ၅၀၀ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ သပြေကုန်းစျေးနှင့် လူစည်ကားရာနေရာများ၌ Quick Win အစီအမံ(၅)ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာ ရန်အချက်များ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)