သရက်ချောင်း ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ မြို့မရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးနဘေးရှိသစ်ပင်ကြီးသည်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ပင်ကြီးလဲကျရာတွင်နှင့် လျှပ်စစ်မီးဓါတ်တိုင်ပေါ်သို့ လဲကျလျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးကျော်ဝင်းဇော်နှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လဲကျနေသော သစ်ပင်ကြီးကို ရှင်းလင်းခဲ့ကြောင်း၊လဲကျနေသော ဓာတ်တိုင်ကို ဝိုင်းဝန်းပြန်လည်စိုက်ထူခဲ့ကြောင်း၊ ဘေးပတ်ဝန်း ကျင်နေအိမ်ပေါ်ကျရောက်နေသော သစ်ကိုင်းများလည်းရှင်းလင်းပေးခဲ့ကြောင်း၊ နေအိမ်နှင့် ဓါတ်တိုင်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)