ချောက် ဇူလိုင် ၃၁
စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်၊ မိုလာကျေးရွာတွင် စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်း၍စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့သည်။
ချောက်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားအုန်းဆီ၁ပိဿာ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် ဒေါ်ပုနှင့်သမီးများဆိုင်မှစျေးကားဖြင့်လှည့်လည်၍ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိစားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင် စေရန် စားအုန်းဆီ ၁ပိဿာကို ငွေကျပ် ၄၅၀၀ နှုန်းဖြင့် မြန် မာနိုင်ငံဆီလုပ်ငန်းရှင်များ အသင်းမှ မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ရောင်းချနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဒေါ်ပုနှင့်သမီးများဆီရောင်း ဝယ်ရေးဆိုင်မှ စားအုန်းဆီ၁ပိဿာ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် ဇူလိုင်လအတွင်း ရပ်ကွက်(၅)ရပ်ကွက်၊ အမှတ် (၈ )ရပ်ကွက်၊ ဇီးကပ်စုရပ်၊ အမှတ် (၁၃)ရပ်ကွက်၊ အာရှရပ်၊ အမှတ်(၇) ရပ်ကွက်၊ ရွာဟောင်းရပ်၊ အမှတ်(၁) ရပ်ကွက်၊ရေအိုးစင်ရပ်၊အမှတ် (၉) ရပ်ကွက်၊ စျေးရပ်နှင့် ကျေးရွာ(၂)ရွာ (ပဒေသာကျွန်း၊မိုလာ) တို့တွင်စျေးကားဖြင့် လှည့်လည်၍ လူတစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် တစ်ရက်လျင် ဆီအချိန် ၅၅၀ ပိ ဿာရောင်းချပေးခဲ့ကြောင်းနှင့် စျေးကွက်အတွင်း စား အုန်းဆီ ၁ပိဿာကို ငွေကျပ် ၉၀၀၀ ထိရှိရာ ယခုကဲ့သို့ စားအုံးဆီ ၁ ပိဿာ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် ဒေသခံ ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန်အတွက် ရောင်း ချပေးခြင်းဖြစ် ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)