နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အတန်းအလိုက် ​​ကျောင်းတွင်းစစ် စာမေးပွဲများဖြေဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲများဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောက်တော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

မြိတ်မြို့၌ လုပ်ငန်းခွင် ထိခိုက်သေဆုံးသူ အလုပ်သမား(၃)ဦး၏မိသားစုအား လူမှုဖူလုံရေးရုံးမှ ငွေလုံးငွေရင်း အကျိုးခံစားခွင့် စုစုပေါင်းကျပ်သိန်း(၁၅၀)ကျော်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လူမှုဖူလုံရေးရုံးနှင့် အကျုံးဝင်မှတ်ပုံတင်ထားသော Vantage ငါးအမှုန့်ကြိတ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦး လုပ်ငန်းခွင်ထိခိုက်သေဆုံးမှု အတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များကို ၄င်းတို့၏မိသားစုဝင်များအား မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ ယမန်နေ့ နေ့လယ်(၂)နာရီက Vantage ငါးအမှုန့်ကြိတ်စက်ရုံတွင် ပေးအပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှင့် နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှင့် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတို့တွင် ဖြေဆိုကြသည်။

မြင်းခြံမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ်၌ ၂၀၂၃ ခုနှစ် ပညာသင်နှစ်စာမေးပွဲတွင် ကျောင်းသား/သူများဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲကို ကျင်းပလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုပြီးစီး

မကွေးတိုင်းဒေသကြီး၊ ငဖောင်ကန်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းကို ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲတော်ကြီးကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့နယ် သံဃာတော်များက ဦးဆောင်ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
Subscribe to