ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရင်သွေးငယ်များမှ တေးသီးချင်းအကများဖြင့် ဖျော်ဖြေတင်ကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင် ဆုများပေးအပ်ပြီး  ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)