ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးတောင်သူများ ငှက်ပျောဈေးကောင်းမွန်လာသဖြင့် လုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်ခြင်းနှင့် ငှက်ပျောဈေးကွက် အရောင်းအဝယ်ကောင်းမွန်လာ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုး တောင်သူများ ထံက သိရသည်။