ဟိုပန်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများ၌ အတန်းတင်စာမေးပွဲများ စတင်ဖြေဆို
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ထက်၊ လယ်၊ မူ ကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။