ပခုက္ကူမြို့နယ်၌ ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုပြီးစီး

ပခုက္ကူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ငဖောင်ကန်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းကို ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းကို ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၀၅၉ သန်းဖြင့် အနက်ပေ ၅၀၀ ၊ လေးလက်မရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုအခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာရေကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်ထိန်းသိမ်းကြစေရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးခြင်းကြောင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၁၇ အိမ်၊ လူဦးရေ ၉၇၇ ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေကို ရာသီမရွေး၊ အချိန်အခါမရွေး ဖူလုံစွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ