ကျောက်တော် ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက အရုပ်ဆက်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းပေးခြင်းကြောင့် လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်မှုဖြင့် အနုပညာကိစ္စရပ်များတွင် အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ တီထွင်ကြံဆနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ဆန်းသစ်တီထွင်တွေးတောကြံဆနိုင်မှု စသည့်များအား အထောက်အကူပြုစေနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ အရုပ်ဆက်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား ၁၅ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း