မြင်းခြံ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
“ယခုသင်တန်းကတော့ အခြေခံပညာအထက်တန်းကျောင်းတွေမှာရှိတဲ့ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများ၏ အခန်းကဟာ များစွာအရေးကြီး စာကြည့်တိုက်တွေကို စံ(၅) ရပ်နှင့်ညီဖို့ရယ်၊ စာကြည့်တိုက်စနစ်တကျရှိစေဖို့အတွက် စာကြည့်တိုက်မှူးအား စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက် အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ (နမူနာ) ၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ စာကြည့်တိုက်တာဝန် လွှဲပြောင်းလက်ခံခြင်းစနစ်၊ စာကြည့်တိုက်ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ သိသင့်သည့်အချက်များ၊ စာကြည့်တိုက်အောင်မြင်ရေးစတဲ့ ပညာရပ်များအား သင်ကြားပေးသွားမှာ ဖြစ်ပါတယ” ဟု သင်တန်းဆရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ (၁၅) ရက်နေ့အထိ (၂) ရက်တာ သင်ကြားပေးသွားမည်ဖြစ်ပြီး မြင်းခြံမြို့ အခြေခံပညာအထက်တန်း ကျောင်းများမှ သင်တန်းသား/သူ (၁၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (မြင်းခြံ)