တန့်ယန်း ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှင့် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတို့တွင် ဖြေဆိုကြသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှင့် နှစ်ဆုံးစာမေးပွဲများကို အခြေခံပညာအထက်တန်းဆင့် (Grate-11) (သင်ရိုးဟောင်း) စစ်ဆေးခြင်းနှင့် ကျန်ကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်အတွင်း တနင်္ဂနွေနေ့မှအပ ဘာသာရပ်အလိုက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှသိရသည်။
မင်းလွင်ဦး