ဘောလခဲမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးရုံးဌာနများနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဘောလခဲ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။