တွံတေးမြို့နယ်၌ ၂၀၂၃ ခုနှစ် ပညာသင်နှစ်စာမေးပွဲတွင် ကျောင်းသား/သူများဖြေဆို

တွံတေး ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲကို ကျင်းပလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁၅)ကျောင်း၊ အ.လ.ကကျောင်း(ခွဲ) (၁၅)ကျောင်း၊ အ.မ.က(မူလွန်)(၃၁)ကျောင်း၊ အ.မ.ကကျောင်း(၁၂၉)ကျောင်း၊ အ.မ.က(ခွဲ)၁​ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းတို့၌ KGမှ ထက်ဆင့်အထိ အတန်းများစာမေးပွဲ ယနေ့မြန်မာစာအား စတင်ဖြေဆိုကြ ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် KGတွင်(၄၉၁၀)ဦး၊ Grade -1တွင်(၆၆၇၆)ဦး၊ Grade -2တွင်(၄၅၆၄)ဦး၊ Grade -3တွင်(၃၉၁၅)ဦး၊ Grade-4တွင်(၄၁၈၈)ဦး၊ Grade-6တွင်(၁၂၄၁)ဦး၊ Grade-7 တွင် (၂၆၈၇)ဦး၊ Grade – 8 တွင်(၂၁၉၉)ဦး Grade -10 တွင်(၁၂၈၃)ဦး၊ Grade -11 သင်ရိုးသစ်တွင် (၅၁၇)ဦး၊ Grade -11 သင်ရိုးဟောင်းတွင် (၁၈၄၄)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

တွံတေးသား