ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲများဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲများတွင် Grade(4)၊ Grade(6)၊ Grade(7)နှင့် Grade(8)ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ပြီး၊ Grade(10)၊ Grade(11) ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)