လယ်ဝေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ပေးအပ်
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက် (၇)ခုနှင့် ကျေးရွာ (၂၆၁)ရွာရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ယမန်နေ့ ညနေပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။