ချောက်မြို့နယ်၌ အသစ်ခန့်လက်ထောက်မူလတန်းပြ ရက်တိုသင်တန်းဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသစ်ခန့်လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အဆင်ပြေစေရန်၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန်၊ သင်ကြားရေးအထောက်အကူပြုစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်၍ ယနေ့အထိအသစ်ခန့်လက်ထောက်မူလတန်းပြ ရက်တိုသင်တန်းကို အ.ထ.က (၁)ကျောင်း မြရိပ်ညိုခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။