တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံအားပေး

အမာ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေး‌ခြင်းနှင့် အာဟာရများကျွေးမွေးခြင်းလုပ်ငန်းများကို အမာမြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများမှ စုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်(၁၁)နာရီခွဲအချိန်က အခြေခံပညာအထက်တန်း ကျောင်းနှင့် မြို့မ(၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူ သာသနာ့ဗိမာန်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေသည့် မြို့မ(၁)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်တို့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးနေသည့် ဆရာ၊  ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေးခဲ့ပြီး ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးသန်းထူးအောင်မိသားစုနှင့် ဦးစိုးဝေမိသားစုတို့က ထမင်းနှင့်ကြက်သားဟင်း၊ သရက်ချဉ်သုတ် တို့ကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)