(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်တွင် ပြသပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် အများပြည်သူများ အလွယ်တကူကြည့်ရှု လေ့လာနိုင်ရန်အတွက် ယမန်နေ့က (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရေး မြေစိုက်နံရံကပ်တွင် ပြသပေးခဲ့ကြောင်း သိရသည်။