လယ်ဝေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ပေးအပ်

လယ်ဝေး ဖေဖော်ဝါရီ ၁၈                                          

​ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက် (၇)ခုနှင့် ကျေးရွာ (၂၆၁)ရွာရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ယမန်နေ့ ညနေပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။   

လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက်  အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား ၁၆၉၆ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀ဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ် (၅၀၈၈၀၀၀ဝိ/-) ကို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)