နမ့်ခမ်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း ပိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းပိတ်သိမ်းပွဲ အခမ်းအနားတွင် နမ့်ခမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်စည်သူက ဖွင့်လှစ်သည့် သင်တန်းနှင့် ပတ်သက်၍ သင်တန်းပိတ်သိမ်းပွဲအခမ်းအနား အတွက် အဖွင့်အမှာစကားပြောကြားပြီး မူဆယ်ခရိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က နမ့်ခမ်းမြို့တွင် သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ကျင်းပနိုင်ခြင်းတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ နမ့်ခမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက သင်တန်းဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြော ကြားပြီးနောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူ ဒေါ်ဝင်းဝင်းရွှေမှ သင်တန်းကက်ရောက်ပြီး အသိပညာများ ရရှိခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
သင်တန်းပိတ်သိမ်းပွဲ အခမ်းအနားသို့ ဒုတိယမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းများ၊ မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြပြီး အဆိုပါ သင်တန်းကို သင်တန်းကာလ (၅)ရက်တိတိ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ရာ ယနေ့ညနေပိုင်းတွင် သင်တန်းပြီး မြောက်၍ သင်တန်း ပိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)