မိတ္ထိလာခရိုင် မလှိုင်မြို့နယ်၌ ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းကို ယမန်နေ့က သရက်ကန်ကျေးရွာ ဓမ္မရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း လမ်းညွှန်အမှတ်အသားများ စိုက်ထူထားရှိမှု တစ်ပြေးညီဖြစ်စေရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ ပြည်သူများ အသုံးပြုသွားလာရာ လမ်းမများတွင် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် လမ်းညွှန်အမှတ်အသားများ စိုက်ထူထားရှိမှု တစ်ပြေးညီဖြစ်စေရေးအတွက် မင်းဘူးခရိုင်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ သွားရောက်ကွင်းဆင်းပြီး ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်သူဇော်သည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဝန်ထမ်းများနှင့်လာရောက်တွေ့ဆုံခဲ့သည်။

(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့ဂုဏ်ပြုဆောင်းပါးများ နံရံကပ်ပြဘုတ်တွင် ပြသ

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံ ရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့ဂုဏ်ပြုဆောင်းပါးများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသပေးထားကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်း ၅၈၃၈ ဧက စိုက်ပျိုးထားရှိရာ‌ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးခဲ့ရာတွင် ကျေးရွာ၊ အုပ်စုများ၌ ဖူးစားပြောင်းနှင့်အစေ့ထုတ်ပြောင်း ၅၈၃၈ ဧက စိုက်ပျိုး ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် ဒေသထွက်ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ဒေသထွက်ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန် ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

(၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၆၁)ကြိမ်‌မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် လူဦးရေစာရင်းဆိုင်ရာအချက်အလက်များအား Software Program အတွင်း ဖြည့်စွက်ပြင်ဆင်ထည့်သွင်းနေမှုအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးသည့် အုပ်စု (၁၁၀)၏ လူဦးရေစာရင်း ဆိုင်ရာအချက်အလက်များအား Software Program အတွင်း ပြင်ဆင်ဖြည့်စွက်ထည့်သွင်းနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကွန်ပျူတာခန်းမတွင် ဆောင်ရွက်လျက်ရှိရာ ယမန်‌‌နေ့နံနက်ပိုင်းက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများသို့ သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ဟင်္သာတမြို့ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ်ကွက်၊ မနော်ဟရီလမ်းရှိ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွါးခဲ့သည့်နေရာသို့ရောက်ရှိပြီး မီးလောင်မှုဖြစ်ပွါးခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့သည့် မိသားစု(၂)စုအတွက် ဘေးစီမံဌာနမှ ထောက်ပံ့ပေးအပ်သော ပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးစီနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Subscribe to