မောက်မယ် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရှရုား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်ဓာတ်ပုံများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ မြန်မာ-ရှရုားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်းနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်းမှတ်တမ်းဓာတ်ပုံများ၊ ရုရှားနိုင်ငံပိုင် ရဟတ်ယာဉ်ကုမ္ပဏီများနှင့် Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းတို့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှားဆွေးနွေးဖက် ဆက်ဆံရေးထိပ်သီးအစည်းအဝေးမှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မြို့နယ်ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ လမ်းသွားလမ်းလာဒေသခံမိဘပြည်သူများက စိတ်ပါဝင်စားစွာလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်