ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ သာသနာ့ရက္ခိတဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများစခန်းတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြု စစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကလက် တွေ့သရုပ်ပြခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။