နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ပေါ်ရပ်ကွက်ရှိ စာငှားစာဖတ်ပြည်သူများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

နမ့်ခမ်း ​ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Culb) အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပကာ စာပေအကြောင်းဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း စာပေဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးမိုင်းဆိုင်ထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ချက်များနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုး​ကျေးဇူးများ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး  စာရေးဆရာကြည်နိုင်  ရေးသားထုတ်ဝေသည့် ဘဝပုံရိပ်စာပုံရိပ် အက်ဆေးများ စာအုပ်တွင် ရေးသားသည့် နိဒါန်းစာကို ဖတ်ကြားခြင်း၊ စာအုပ်များတွင် နိဒါန်းစာပါဝင်ရသည့် အကြောင်းများကို ဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် (Book Culb) အသင်းမှ အဖွဲ့ဝင်များကလည်း ၎င်းစာအုပ်မှ သိရှိအပ်သော၊ ဝေမျှပေးလိုသော စာပေများကို ဖတ်ကြားပေးခြင်း၊  ဆွေးနွေးပေးခြင်းတို့ဖြင့် တစ်ဦးမှအများသို့ စာပေ၏ အနစ်သာရများကို ဝေမျှ​ပေးသည်။ စာဖတ်ဝိုင်းတွင် ပါဝင်တက်ရောက် သူများမှ ဖတ်ကြားဆွေးနွေးသော စာပေအကြောင်းအရာများအပေါ်တွင် သိရှိချင်သော အကြောင်းအရာများကို  မေးမြန်းခြင်း၊ ဖြည့်စွတ်ဆွေးနွေးခြင်း၊ ဖြေကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြကာ စာပေအကြောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် ပြည်သူများမှ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွည်၍ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်လျက် ရှိသည်။

နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြားဌာနနှင့်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်ကောင်း ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်လျက်ရှိရာ ​စာရေးဆရာ  အန်ကယ်ပညာ  ရေးသားထုတ်ဝေသည့်  ပညာစာပဒေသာ  စာအုပ်ဖြင့် နမ့်ခမ်းမြို့ပေါ်ရပ်ကွက်ရှိ စာငှားစာဖတ် ပြည်သူများနှင့်ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)