သံဖြူဇရပ် ဩဂုတ် ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာရှိဝါသနာရှင်ပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြဖို့ဖိတ်ခေါ်ပါကြောင်း အမှာစကားပြော ကြားသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာဦးသိန်းထွန်းက ယခင်နှစ်ကျင်းပခဲ့မှုများနှင့် ယခုနှစ်ဆောင်ရွက်မည့် အစီအစဥ်များကို တင်ပြဆွေးနွေးသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော လုပ်ငန်းစဉ်များနှင့် ပြိုင်ပွဲအမျိုးအစားစုံလင်စွာ ထည့်သွင်းကျင်းပနိုင်ရေး ရှင်းလင်းတင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)