ကျိုက်လတ်မြို့နယ် ပဆင-ဂွေးချောင်းကြီးကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဆူးကဏန်းကျေးရွာအုပ်စု၊ ပဆင-ဂွေးချောင်းကြီး ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ချောင်းကူးတံတားသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ အတိုင်းအတာ 15.25m  6.1m ရှိ၍ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ (၂၉၉.၅၄)သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တံတားတည်ဆောက်ပြီးစီးပါက ဂွေးချောင်းကြီးကျေးရွာနှင့် အနီးရှိကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်