ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက် အနော်ရထာလမ်းအား ကွန်ကရစ်လမ်းနှင့် Box Culvert အဆင့်မြှင့်တင် ဆောင်ရွက်

ငါးသိုင်းချောင်း ဩဂုတ် ၃၁

အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာရေးအဖွဲ့က လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာလက်ရှိတွင် မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းနှင့် Box Culvert အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်းအား အရှည်ပေ ၄၄၅ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မကို ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၁၆.၈၀) သန်း ဖြင့် ဆောင်ရွက်လျှက်ရှိပြီး၊ အနော်ရထာလမ်းနှင့် ဗိုလ်ပန်းလမ်း Box Culvert ကိုလည်း ရန်ပုံငွေ ကျပ် (၂.၆၃)သန်းဖြင့် အလျား ၁၀ ပေ၊ အနံ ၂.၆ ပေနှင့် အမြင့် ၃ ပေအား တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိပြီး၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြို့၏အချက်အချာကျသော လမ်းများနှင့်ရပ်ကွက်များ အတွင်းရှိ လမ်းများကောင်းမွန်ရေးအတွက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)၏