ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပန်းတောင်းတပ်နယ်မှူး ဗိုလ်ချုပ်မျိုးတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေဆုံပွဲ ကျင်းပ

ပန်းတောင်း သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပန်းတောင်းတပ်နယ်မှူးဗိုလ်ချုပ်မျိုးတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၇:၀၀) အချိန်က ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်ချုပ်မျိုးတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွဋ်မှ ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် တက်​​​ရောက်လျက်ရှိသော ကျောင်းသား/သူဦးရေများ​နှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြိုတင်ကာကွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောအယ်ထူးမှ ကတ္တရာလမ်းများဖောက်လုပ်မှုများနှင့် ရေရှည်တည်တံခိုင်မာမှုရှိစေရန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနှင်းဦးမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ၊ ကျေးရွာ တွင်း ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်မှ မြို့နယ်အတွင်း ရေမြောင်းတည်ဆောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရန် စနစ်တကျ စိုက်ပျိုးနည်းစနစ်များအကြောင်းတင်ပြခဲ့ပြီး ကျန်ရှိနေသောဌာနများမှလည်း မိမိတို့ဌာနနှင့်ပတ်သတ်သည့် လုပ်ငန်းဆောင်တာများ၊ ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြခဲ့ပြီး ဌာနပေါင်း (၃၇) ဌာနတက်ရောက်ခဲ့ကြောင်း သိရသည်