နယ်စပ်ဒေသ၊ မုံးကိုးမြို့တွင် တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မုံးကိုး ဩဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်နှင့် အသင်းတော်အခြေပြု ပညာရေးသာသနာဂေဟာအဖွဲ့မှ ကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မုံးကိုးမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ် ဒုတိယဦးစီးမှူး ဗိုလ်မှူးကြီးဦးဆိုင်လှိုင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်းမုံတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးညီလေးမှ နိုင်ငံသားကတ်ပြားနှင့်စပ်လျဥ်း၍ ကောင်းကျိုး/ဆိုးကျိုးများ ရှိပုံကို ရှင်းလင်းပြောကြားခြင်း၊ သက်သေခံကတ်ပြားအကြောင်းနှင့်ပတ်သက်၍ လည်းရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားလူမျိုးများအား နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားဆောင်ရွက်ပေးနိုင်ရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီလေးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၏ အကျိုးကျေးဇူးနှင့် သတိပြုလိုက်နာရမည့် အချက်များအား ဆက်လက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံသားစိစစ်ကတ်ပြားများကို အသင်တော်ခြေပြု သာသနာဂေဟာမှ ကျောင်းသူ/ကျောင်းသား (၃၉) ဦးနှင့် ကျောင်းသားမိဘ (၅) ဦး စုစုပေါင်း (၄၄) ဦးကို ပေးအပ်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ရပါသည်။ အဆိုပါ ဒေသခံ တိုင်းရင်းသားများက နိုင်ငံသားစိစစ်ရေးအကြောင်းများကို သိရှိနိုင်ရန်နာမလည်းနိုင်သည့် အကြောင်းများကို မေးမြန်းခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အတွက်အသင်းတော်အခြေပြုပညာရေး သာသနာဂေဟာမှူး ကျောင်းအုပ်ဆရာကြီး ဦးဇေဒေါင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အခမ်းနားတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးဦးညီလေး၊ မုံးကိုးမြို့  မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်းမုံနှင့်  မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လီဆူယဉ်ကျေးမှုအဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဒေသခံ တိုင်းရင်းသားများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိသည်။

မေစံပယ်ဖူး (မုံးကိုး)