မိုးညှင်းမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့် ဆေးဝါးကု‌‌သပေးခြင်းများ ဆောင်ရွက်

မိုးညှင်း ဩဂုတ် ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် မိုးညှင်းမြို့မှ တပ်နယ်မှူးဗိုလ်မှူးကြီး ဝသုန်စိုးက အဆိုပါထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရခြင်းနှင့် ဆေးဝါးများကုသပေးရခြင်းနှင့် ပတ်သက်၍ တွေ့ဆုံအားပေးစကားပြောကြားပြီး မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၃၀)ဦးနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် (၁၀)ဦး စုစုပေါင်း(၄၀)ဦးအား ကြက်ဥအလုံး(၄၀၀)နှင့် ရွှေဖီဦးလက်ဖက်ရည်ထုပ်အသေး (၂၄၀)ထုပ် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆၀၀၀၀)အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နယ်လှည့်ဆေးကုသရေးတပ်ဖွဲ့စုမှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာ‌‌ရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်များကို ဆောင်ရွက်ပေးလျက်ရှိရာ သွေးတိုးရောဂါ (၇)ဦး၊ ဆီးချိုရောဂါ(၂)ဦးနှင့် အထွေ‌ထွေရောဂါ (၅)ဦး စုစုပေါင်း (၁၄)ဦးအား ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)