အမ်း သြဂုတ် ၃၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် အမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကော်မတီများအနေဖြင့် မိမိတို့လုပ်ငန်းကော်မတီများအလိုက် အကြံပြု ဆွေးနွေးတင်ပြကြရန်နှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကဲဖြတ်မှတ်တမ်းများ၊ ပြိုင်ပွဲတွင် လိုအပ်ချက်များကို ပံ့ပိုးကူညီဖြည့် ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများလိုက် ဆောင်ရွက်မည့်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း