ဘုတ်ပြင်း ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် UID နံပါတ်များထုတ်ပေးခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က(တောင်ဒဂုံ)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်အထက်နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ National Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် UID နံပါတ်များသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၆၁)ဦး စုစုပေါင်း(၁၀၁)ဦးတို့၏ အချက်အလက်များ ကောက်ယူဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့်အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ဆက်လက် ကောက်ယူဆောင်ရွက်လျက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)