ကော့သောင်းမြို့တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်း

ကော့သောင်း   ဩဂုတ် ၃၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်) တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနရုံး၌ပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ကော့သောင်းမြို့နယ်အခွန်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးစန္ဒာက အခွန်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်အခွန်ထမ်းများ၏ မရှင်းလင်းသည့်အချက်များ မေးမြန်းမှုများအား တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် မိုဘိုင်းလ်ဖုန်းဆိုင်များ အစရှိသည့် လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်(၆၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)